ကျိုက်ထိုမြို့ အထက (ရွှေဥဩ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့ အထက (ရွှေဥဩ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ





MNP ၊ ဒီဇင်ဘာ ၁၂

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ စာပေချစ် မြတ်နိုးသူများ အသင်း(BookClub )နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၂ ရက်နံနက် ၉ နာရီခွဲတွင် အခြေခံပ ညာအထက်တန်းကျောင်း(ရွှေဥဩ)အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင် ဦးလှထွန်းက အဖွင့်အမှာ စကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံ ရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေး သည့်  ပညာရပ်များ အပြင် စာအုပ်၊စာပေလေ့လာ ခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်း ကျင် အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်းဝ င်ဦးတင်ထွေး၊ ဒေါ်တင်ထားအေးနှင့် အထက (ရွှေဥဩ)မှကျောင်းသား မောင်‌ဇေယျာလင်းထွန်း၊ မောင်ရွှေတိုး၊ ကျောင်းသူ မသုန္ဒရီ တို့က ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေရေးရာမှရရှိသော အသိပညာများ အားဆွေးနွေးခဲ့ကြသည်။


ယင်းနောက်တက်ရောက်လာကြသော ကျောင်းသားကျောင်း သူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေး ရာ စာပေဝါသနာရှင်များမှ ပြန်လည် ဖြေကြားခဲ့ပြီး အထက(ရွှေဥဩ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊စာပေချစ်မြတ်နိုးသူများအသင်းဝင်များ၊ အထက-(ရွှေဥဩ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)