မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးစက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးစက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်



MNP - ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်ကန့်သတ်ချက်များအလိုက် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများပြုလုပ်၍ စုပေါင်းလှုပ်ရှားတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၂-ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီက မကွေးခရိုင်အားကစားကွင်းအနီး လမ်းငါသွယ်အဝိုင်းပတ်လမ်း၌ ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ်၊ အသက်(၂၅)နှစ်အောက် အမျိုးသားစက်ဘီးပြိုင်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အမျိုးသမီးစက်ဘီးပြိုင်ပွဲကို တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်တို့က ခရာမုတ်အချက်ပေးအလံဖြင့် စတင်တာလွှတ်ပေးခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စက်ဘီးပြိုင်ပွဲအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်စက်ဘီးအားကစားသမားများအား ပန်းဝင်ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ အမျိုးသမီးစက်ဘီးပြိုင်ပွဲတွင် ပထမဆုကို သရက်မြို့နယ်မှ မမေနွယ်ဦး၊ ဒုတိယဆုကို စေတုတ္တရာမြို့နယ်မှ မနွေးဒီဒီခိုင်နှင့် တတိယဆုကို မကွေးမြို့နယ်မှ မစုဒီလှိုင်းတို့ကရရှိခဲ့ကြပြီး၊ အမျိုးသားစက်ဘီးပြိုင်ပွဲတွင် ပထမဆုကို မကွေးမြို့နယ်မှ မောင်ညဏ်လင်းထက်၊ ဒုတိယဆုကို အောင်လံမြို့နယ်မှ မောင်ထူးအောင်ဝင်းနှင့် တတိယဆုကို စေတုတ္တရာမြို့နယ်မှ မောင်သူရကျော်တို့ကရရှိကာ၊ အမျိုးသား/အမျိုးသမီးစက်ဘီးပြိုင်ပွဲ ဆုရရှိသူများအား ပထမဆုကလပ်နှင့် ငွေသားဆု (သုံးသိန်း)၊ ဒုတိယဆုကလပ်နှင့် ငွေသားဆု(နှစ်သိန်း)၊ တတိယဆုကလပ်နှင့် ငွေသားဆု(တစ်သိန်း)ကျပ်စီ တို့အားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူ အမျိုးသား/အမျိုးသမီး(၇)ဦးစီအား ဆုကလပ်နှင့် ငွေသားဆု (ခုနှစ်သောင်း)ကျပ်စီတို့အားလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များကဆုများ အသီးသီးချီးမြင့်ပေးအပ်ကာ၊ စက်ဘီးပြိုင်ပွဲ ပန်းဝင်လာသူအားလုံးကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုတ်ပြုဆုငွေများ အသီးသီးချီးမြင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်ဘီးပြိုင်ပွဲ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများနှင့် စက်ဘီးပြိုင်ပွဲဝင် အားကစားမောင်/မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - မောင်ညီညာ
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)