မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများ အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများ အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ်ရေးထိုး




MNP ၊ ဒီဇင်ဘာ ၁

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပပြုလုပ်သည်။


အဆိုပါအစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားတပ်မတော်မှ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ၊ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများက အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ်ရေးထိုးကြကာ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။


ထို့နောက် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)