ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

 


MNP - ဒီဇင်ဘာ ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရးမှူး အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကား ပြောကြားရာ၌” ကျွန်ုပ်တို့ နိုင်ငံရဲ့လူသားအရင်းအမြစ်ဖြစ်တဲ့ ကလေးသူငယ်တွေကို အကောင်းဆုံး စောင့်ရှောက်မှုတွေပေးခြင်းအားဖြင့် နောင်တခေတ်မှာ ဒီကလေးတွေဟာ တိုင်းပြည်ရဲ့ လူတော်လူကောင်းလေးတွေဖြစ်၍ ဖွံဖြိုးပြီးဉာဏ်ရည်ထက်မြက်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ပေါ်လာစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူကုန်ကူးမှု အန္တရာယ်များ၊ အသက်မပြည့်သေးသော ကလေးသူငယ်များ အလုပ်စေခိုင်းခြင်းနှင့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးသူငယ်များကိုယ်တိုင် သိရှိနားလည်စေရန် ရည်ရွယ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနသည် ပြည်သူလူထု၏ လူမှုရေးထိခိုက်လွယ်မှုများအား တုန့်ပြန်ဆောင်ရွက်ရာ၌ အရေးကြီးသည့် အခန်းကဏ္ဍာမှပါဝင်ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန၏ အမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်သည်နိုင်ငံတော်အတွက် ပေါင်းစည်းထားသော လူမှုရေးဝန်ဆောင်မှု စနစ်အားမြှင့်တင်ပေးရာ ရောက်ပါကြောင်း” ပြောကြားခဲ့သည်။


ဆက်လက်ပြီး အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေထွန်းက၂၀၂၂ခုနှစ်တွင် ဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်(၇)ရပ်နှင့် ပတ်သက်ပြီးလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမောင်မျိုးက သက်ငယ်မုဒိမ်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းနှင့် ပတ်သက်၍ ရှင်းလင်းပြီးနောက် တက်ရောက်လာကြသောကော်မတီအဖွဲ့ဝင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်ပြီး အကြံပြုတင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး က တင်ပြချက်များနှင့်ပတ်သက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)