နောင်ချိုမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ်(၇/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ်(၇/၂၀၂၂)ဖွင့်လှစ်

 



MNP - ဒီဇင်ဘာ ၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာဦးစီးဌာနှင့်မြို့နယ်ကြက်ခြေနီဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၇/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဆရာမကြီး ဒေါ်သီတာစုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများကြက်ခြေနီတပ်ဖွဲ့၏ အခြေခံမူများ၊ ကြက်ခြေနီစိတ်ဓာတ်ကောင်းများ ရှင်သန်မွေးမြူဆောင်ရွက်နိုင်ရေးနှင့် လူမှုကူညီရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန် မတော်တဆဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ကြက်ခြေနီစိတ်ဓာတ် ရှေးဦးပြုစုခြင်းလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၇/၂၀၂၂)ကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် အခြေခံရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး၊ နံနက်၉နာရီမှညနေ(၄)နာရီခွဲအထိ (၃)ရက်တာ သင်တန်းဖြစ်ကြောင်းနှင့်အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်း တစ်ပြိုက်နက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)