ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇူလကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၂၅၀ ပြား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇူလကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၂၅၀ ပြား ဖမ်းဆီးရမိ



MNP  -   ဒီဇင်ဘာ   ၂၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့ဦးရပ်ကွက် ၊ဇူလကျေးရွာရှိ နေအိမ်တစ်လုံးပေါ်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် (၁၈:၁၅) မိနစ် အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ  ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 


   ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  မူးယစ်ဆေးဝါးသတင်းအရ   မောင်တောမြို့နယ် ၊ မြို့ဦး ရပ်ကွက် ၊ ဇူလကျေးရွာနေ အမျိုးသမီး ကော်ဆဲရ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ  ၎င်း၏နေအိမ်အနောက်ဘက်မှ အမျိုးသား တစ်ဦးထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဆာကတ်(ကျား)အား ဖမ်းဆီးရမိပြီး  နေအိမ်အား ရှာဖွေရာ  နေအိမ် နှင့် ကပ်လျက်  နေအိမ်အနောက်ဘက်ရှိ  ရေချိုးခန်းအတွင်း အဖြူရောင်ဆာလာအိတ်တစ်လုံးအား မသင်္ကာ တွေ့ ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ  မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် အပြာရောင် ပလက်စတစ်အိတ်(၁)အိတ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြား WY/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ (၅၀)ထုပ် ၊ ဆေးပြား ၉၇၅၀ ပြားစီပါ အထုပ် ကြီး(၁၁)ထုပ် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၁၀၇၂၅၀)ပြား ၊ အလေးချိန် ၉.၆၅ ကီလိုခန့်အားတွေ့ရှိသိမ်း ဆည်းပြီး မူးယစ်ဆေးဝါးများ နှင့် လက်ဝယ်တွေ့ရှိသူ ဇူလကျေးရွာနေသူများ ဖြစ်သော ကော်ဆဲရ်(မ)(ဘ)ဆူတန် အ သက်၃၀ နှစ်  ၊ ဆာကတ်(ကျား)(ဘ)ဟာရှိန်း အသက်(၂၅)နှစ် နှင့် ဆက်စပ်တရားခံ(ဖမ်းမမိသေး)နှစ်ဦး တို့အား  မောင်တော မြို့မ ရဲစခန်းတွင်  မယ(ပ) ၄၆/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး ဆောင် ရွက် လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။


ဝေလ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)