ကျောက်ဖြူမြို့၌ ယာဉ်မတော်တဆမှုများလျော့နည်းကျဆင်းစေရေး မီးအပိုတပ်ဆင်ထားသည့် မော်တော်ယာဉ်မောင်းများအား အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ယာဉ်မတော်တဆမှုများလျော့နည်းကျဆင်းစေရေး မီးအပိုတပ်ဆင်ထားသည့် မော်တော်ယာဉ်မောင်းများအား အသိပညာပေးဟောပြော




MNP  -   ဒီဇင်ဘာ  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ယာဉ်မတော်တဆမှုများလေျာ့နည်းကျဆင်းစေရေးအတွက် မီးလုံးများအပိုတပ်ဆင်ကာမောင်းနှင်နေသည့် မော်တော်ယာဉ်မောင်းများအား အသိပညာပေးဟော ပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့မရဲစခန်းမှ တာဝန်ရှိသူများ က ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်နှင့် ပွိုင့်လမ်းဆုံနေရာများတွင်   ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။  


ထိုသို့ဆောင်ရွက်ရာတွင်  အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ် မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်စိုးနိုင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်နှင့် ပွိုင့်လမ်းဆုံနေရာများသို့သွားရောက်ပြီး ရန်ကုန် - ကျောက်ဖြူ ကားလမ်းမတန်းတလျှောက် ဖြတ်သန်းမောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ယာဉ်မောင်းများကို မီးလုံးများအပိုတပ်ဆင် ထားသည့် မော်တော်ယာဉ်များအား တပ်ဆင်ခြင်းမပြုရန်၊ ယာဉ်မောင်းများ အရက်သေစာသောက်စား မူးယစ်၍ မောင်းနှင်ခြင်းမပြုရန်၊   ယာဉ်မောင်းနေစဉ်အတွင်း ထိုင်ခုံခါးပတ် ပတ်ထားပြီးမှသာ မောင်းနှင်ကြရန်၊ ဆိုင်ကယ်စီးနင်းသူများနှင့် လိုက်ပါစီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တ ကျဝတ်ဆင်ပြီးမှသာ စီးနှင်းကြရန်၊  နှစ်ဦးထက်ပို၍ မစီးနင်းကြရန်၊ ပါဝါအိပ်စောတပ်ဆင်မောင်းနှင်ခြင်း များမပြုလုပ်ရန်၊ ရှေ့မီးအနိမ့်ကို နေ့/ညအချိန်တိုင်းဖွင့်ပြီး မောင်းနှင်စီနှင်းကြရန် စသည့် ယာဉ် အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးများဟောပြောခဲ့သည်။

ကျောက်ဖြူမြို့နယ်၌ ယင်းသို့ မီးလုံးများအပိုတပ်ဆင်ထားသည့် မော်တော်ယာဉ်မျာအား အသိပညာပေးဟောပြောခြင်းများကို ၂၀-၁၂-၂၀၂၂ ရက်နေ့မှ ၃၁-၁၂-၂၀၂၂ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် မော်တော်ယာဉ်များကို ၁-၁-၂၀၂၃ ရက်နေ့မှ စတင်ကာ မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


တင်ထွန်းဦး ၊ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)