မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများပုံမှန်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများပုံမှန်ထုတ်ပေးလျက်ရှိ




MNP  -  ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား၂၀၂၂-ခုနှစ်ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို ယခုလ၂၁ရက်နေ့မှ၂၉ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင် နံနက် ၇နာရီမှ မွန်းလွဲ၃နာရီထိ ထုတ်ပေးလျက်ရှိသည်။


  ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မာန်အောင်မြို့နယ်၌ အငြိမ်းစား ပင်စင်လစာငွေ ထုတ်ယူသူ(၇၇၆)ဦး ရှိပြီး အဆိုပါ သတ်မှတ်ရက်များတွင်အကြောင်းအမျိုးမျိုးကြောင့် လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက၂၀၂၃-ခုနှစ်ဇန်နဝါရီ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင် ကြောင်း မာန်အောင်မြို့  မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)