မိုးညှင်းမြို့၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက်ရှင်းလင်း

 


MNP - ဒီဇင်ဘာ  ၇


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်း အစီအစဉ်အား ခရိုင်လူကုန်းကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များသို့ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကား ပြောကြားရာတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြလည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်၌ လူကုန်ကူးခံရသူဟု ယူဆရသူ (သို့မဟုတ်) လူကုန်ကူးခံရသူအဖြစ် သတ်မှတ်ထားသူများအား အကူအညီပေးခြင်း၊ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် လွှဲပြောင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိခရိုင်အတွင်း လူကုန်ကူးမှုများ လျော့နည်းပပျောက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်-၃(မိုးညှင်း)မှ ရဲအုပ်ဌေးဝင်းက ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမှုနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များ နှိမ်နင်းရေး ဥပဒေ အခန်း(၇)ပါ အကြောင်းအရာများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေမိုးညှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)