သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လှူဒါန်းသောစက်ဘီးများအား ကျောင်းသား/သူများသို့ ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လှူဒါန်းသောစက်ဘီးများအား ကျောင်းသား/သူများသို့ ပေးအပ်ပွဲအခမ်းအနားကျင်းပ

 


MNP - ဒီဇင်ဘာ ၇


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လှူဒါန်းသော စက်ဘီးများအား ကျောင်းသား/သူများသို့ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို  ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သပိတ်ကျင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းတက် ရာတွင် သွားလာရေးအခက်အခဲရှိသော ကျောင်းသား/ ကျောင်းသူများအား စက်ဘီးများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမုံပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးအားစက်ဘီးများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများ ကိုယ်စား မအေးစန္ဒာမိုး (Grade- 10) အ.ထ.က၊ သပိတ်ကျင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်နှင့် ကျောင်းအုပ် ဆရာ/ ဆရာမကြီးများ၊ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)