မိုင်းယန်းမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပ



MNP - ဒီဇင်ဘာ  ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ သင်ကြား၊ သင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မိုင်းယန်းမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ဈေးတန်း)တွင် ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများကို ရှင်းလင်းဆွေးနွေးပြီး အခြေခံပညာဦးစီးဌာန၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ စီမံကိန်းစာရင်းအင်း လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ ထက်/လယ်/မူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း ၂၀ ဦး တက်ရောက်ပြီး ဆွေးနွေးပွဲကို  ယနေ့မှ ဒီဇင်ဘာ ၂ ရက်အထိ နှစ်ရက်ကြာ မြို့နယ်ပညာရေးမှူးက ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခွန်ရဲထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)