ပြည်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်ပေးအပ်ပွဲကျင်းပ



MNP - ဒီဇင်ဘာ ၁၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၏ကြီးကြပ်မှုဖြင့် ပြည်မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက် ၇ နာရီခွဲက၂၀၂၂-၂၀၂၃ ခုနှစ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။


ပထမဦးစွာ ပြိုင်ပွဲများကျင်းပရာတွင် (အငယ်ဆင့်)ရိုးရိုးအပြေးပြိုင်ပွဲ၊ ဘောလုံးကောက်အပြေးပြိုင်ပွဲ၊ ဖိနပ်စီးအပြေးပြိုင်ပွဲ၊ လွယ်အိတ်လွယ်အပြေးပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အရောင်ရွေးချယ်ပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုင်အပြေးပြိုင်ပွဲ၊ ရေပုလင်းဖြည့်အပြေးပြိုင်ပွဲနှင့် (အကြီးဆင့်)ခေါင်းအုံးစွပ်အပြေးပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်အပြေးပြိုင်ပွဲ၊ အရုပ်ခုန်အပြေးပြိုင်ပွဲ၊ ကြောင်ခေါင်းအရုပ်ခေါက်ပြိုင်ပွဲ၊ ပင်ပေါင်‌ဘောလုံးကြိုးသီပြိုင်ပွဲ စသည့် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ပြီး အဆိုပါ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်စုစုပေါင်း ၂၃၀ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။


ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရှိသူ သားငယ်၊ သမီးငယ်များကို ဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


အဆိုပါကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုလက်ဆောင်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့် ကလေးငယ်များ၏ မိဘ/အုပ်ထိန်းသူများ တက်ရောက် ကြည့်ရှုအားပေးကြပြီး ယင်းပြိုင်ပွဲကို ကလေးများ ပျော်ရွှင်စေရန်နှင့် ကျန်းမာကြံ့ခိုင်‌စေရန် ရည်ရွယ်ကျင်းခြင်းဖြစ်ကြောင်းသိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)