တောင်ကြီးမြို့တွင် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကျင်းပ

 



MNP - ဒီဇင်ဘာ  ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ကြီးမြို့နယ်၏ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီကကျင်းပသည်။


ရှေးဦးစွာ တောင်ကြီးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်ခွန်နွယ်(အင်းလေး)က အဖွင့် အမှာစကားပြောကြားပြီး ဆရာရဲဘော်မြသိန်းက မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှပေးပို့သော သဝန်လွှာအား ဖတ်ကြားသည်။


ထို့နောက် ဆရာမ သျှီ(အင်ကြင်း)က မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှပေးပို့သော အသင်းအဖွဲ့ စည်းမျဉ်းကို ဖတ်ကြားပြီး တောင်ကြီးမြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး ဦးစည်သာဟိန်းက တစ်နှစ်တာဆောင်ရွက်ချက် ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြသည်။


ဆက်လက်၍ ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲ၊ ကလေးစာပေဆုဘာသာရပ်တွင် တတိယဆု ရရှိသော ဆရာရဲဘော်မြသိန်းအား မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌက ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ပြီး ကန်တော့်ခံ သက်ကြီးစာပေပညာရှင် ဆရာလှယဉ်ဦး(မိုင်းဆတ်)အား စာပေပညာရှင်၊ ဝါသနာရှင်များက ကန်တော့ကြကြောင်းနှင့်အခမ်းအနားသို့ မတက်ရောက်နိုင်သည့် စာပေပညာရှင်များအား နေအိမ်များသို့ သွားရောက်ကန်တော့ကြကြောင်း သိရသည်။


သတင်း - ဇော်နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)