လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

 

MNP - ဒီဇင်ဘာ  ၆


လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(UNVRC) ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်၊ ဒါ့ကြောင့် ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေနှင့်၂၀၀၁ ခုနှစ်ကလေးသူငယ်များ၊ နည်းဥပဒေများကို ပြဌာန်းပြီး ကလေးသူငယ်များ၏အခွင့်အရေး(၄)ရပ်ဖြစ်တဲ့၊ အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ အကာအကွယ်ရရှိခွင့် (Protection)နှင့် ပါဝင် ဆောင်ရွက်ခွင့်(Participation)စသည်တို့ကို အပြည့်အဝရရှိစေရန် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါတယ်၊ မိမိမြို့နယ်အတွင်းမှာ ရှိတဲ့ကလေးသူငယ်များအား(CRC)ပါ အခွင့်အရေး(၄)ရပ် ရရှိရန်နှင့်ကလေးများအား အကြမ်းဖက်ခြင်း၊ လွဲမှားစွာ ပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်ပုံဖြတ်ခြင်းဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသော လုပ်ရပ်များကို ကာကွယ်တားဆီးစောင့်‌‌ရှောက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လမ်းမတော်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်း‌ရေးမှူး ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းကြည်မှ ရှင်းလင်းပြောကြားရာတွင် ကျွန်မတို့မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေကိုအဆင့်ဆင့်ပြင်ဆင်ပြဌာန်းခဲ့ပါတယ်၊ ဌာနအနေနဲ့ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဌာနပိုင်မူလတန်းကြို(၃၅)ကျောင်း၊ ရန်ကုန် အနောက်ပိုင်းအနေနဲ့ (၁၀)ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း(၈၅)ကျောင်း၊ လမ်းမတော် မြို့နယ် အနေနဲ့(၃)ကျောင်းများ ဖွင့်လှစ်ထားရှိ‌‌ကြောင်း စသည်တို့ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသည့် ကော်မတီဝင်များမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်ဆန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)