MNP - ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက နိုင်ငံ၏အနာဂတ်သည် ယနေ့ကလေးသူများမှသည် ထူးချွန်ထက်မြက်သော လူငယ်များအဖြစ် ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်အောင် လူ့ဘောင်အသိုင်းအဝန်းအတွင်း ပြုစုပျိုးထောင်ရာမှာ မိဘများသာမကဘဲ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက် ခြင်းသည် အလွန်အရေးကြီးလှပါကြောင်း၊ နိုင်ငံတော်မှလည်း ကလေးများအတွက် မျှော်မှန်းပြီး ကလေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြောင်း၊ အနာဂတ်မှာ ယနေ့ခေတ်ထက်မက ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရန် ကလေးသူငယ်များ ဖွံ့ဖြိုးတိုက်တက်ဖို့အတွက်သည်လည်း အဓိကကျသော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိသည့်အတွက် ကလေးသူငယ်များ အသိပညာ၊ အတတ်ပညာတိုးပွားစေရန် အသိပညာပေးအစီအစဉ်များ ကျင်းပခြင်း၊ အားကစားပွဲတော်များ ကျင်းပဆောင်ရွက်ခြင်းနှင့် ကလေးငယ်များ စာပေဗဟုသုတများ ကြွယ်ဝစေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ကြိုဆိုသောအားဖြင့် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို ခမ်းနားစွာ ကျင်းပပြီး ကလေးငယ်များအားလုံး ပါဝင်လေ့လာနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မိုးမြတ်က မိမိတို့ဌာနအနေဖြင့်လည်း အဆိုးရွားဆုံး ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားမှုဆွေးနွေးပွဲများ၊ လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပညာရေးဆက်လက်သင်ကြားလိုသော ကလေးငယ်များအား ကျောင်းပညာရေးသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံပေးပြီး စာရေးကိရိယာနှင့် ဝတ်စုံစရိတ်များအား ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်များအတွက် အကာကွယ်ပေးထားသည့် ဥပဒေများအကြောင်း၊ အလုပ်အကိုင်ခွင့်အလမ်းများအကြောင်းနှင့် ကလေးသူငယ်များ ရသင့်ရထိုက်သော အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအားလည်းကောင်း၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှလည်း ကောင်းမွန်သော အနာဂတ်ကောင်းများ ဖန်တီးနိုင်မည့် ကလေးများရဲ့ဘဝကို တောက်ပလာအောင် ဖန်တီးပေးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment