တာချီလိတ်မြို့၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသ




MNP  - ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာချီလိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ငလျင်အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်နန့်ပေါ်လင်းက ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်စပ်လျဉ်း၍ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ ဘေးအန္တရာယ်မဖြစ်ပွားခင် လုပ်ဆောင်ထားသင့်သည့် အချက်များကို သိရှိနားလည်စေရန်၊ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို သိရှိနားလည်စေရန် နှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ထိရောက်မြန်ဆန်စွာ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၀၀ ဦးဖြင့် ငလျင်ဘေးကြုံတွေ့ပါက ဆရာ/ ဆရာမများ ဦးဆောင်၍ အဖွဲ့ငယ်လေးများ ဖွဲ့စည်းကာ ဘေးလွတ်ရာကို ရွေ့ပြောင်းပေးရေးအဖွဲ့၊ ထိခိုက်ဒဏ်ရာရသူစာရင်း/ ပျောက်ဆုံးသူ စာရင်းပြုစုရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့၊ ရေနှင့်သန့်ရှင်းရေးဆောင်ရွက်ပေးရေးအဖွဲ့ အစားအစာဖြန့်ဝေပေးရေးအဖွဲ့ငယ်လေးများဖြင့် အဆင့်ဆင့် လုပ်ဆောင်ရမည့် အချက်များအား ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)