ပန်းခင်စီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ “ဝ”အထူးဒေသ(၂) နမ့်တစ်မြို့တွင် ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းခင်စီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ “ဝ”အထူးဒေသ(၂) နမ့်တစ်မြို့တွင် ကွင်းဆင်းဆောင်ရွက်




MNP - ဒီဇင်ဘာ ၄


ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးဦးမျိုးညွှန့် (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်၍ မြို့နယ်ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် ယနေ့နံနက် ၁၁ နာရီအချိန်က နမ့်တစ်မြို့၊ မြို့နယ်ခန်းမတွင် ခရိုင်ဦးစီးမှူးဦးမျိုးညွှန့်၊ (၅)ဦးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နမ့်တစ်မြို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များက  ဆောင်ရွက်ပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒေသခံပြည်သူများအား ပေးအပ်ခဲ့သည်။


နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ နမ့်တစ်မြို့ပေါ်ရပ်ကွက်(၅)ခုမှ ဒေသခံ “ဝ”၊ လားဟူ၊ ကိုးကန့်၊ ရှမ်း ၊ မြောင်ဇီး လူမျိုးများကို အိမ်ထောင်စု(၆၈၈)ခု၊ နိုင်ငံသားစိစစ်ရေး

ကတ်ပြား ကျား(၄၄၄)ဦး၊ မ(၄၅၄)ဦး၊ စုစုပေါင်း(၈၉၈)ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကျန်ရှိသည့် ကျေးရွာများသို့လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)