ကျိုက်ထိုမြို့၌ မြို့နယ်အဆင့်‌ ကျောင်း ကျန်းမာရေးကော်မတီ ညှိနှိုင်းအစည်း အဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ မြို့နယ်အဆင့်‌ ကျောင်း ကျန်းမာရေးကော်မတီ ညှိနှိုင်းအစည်း အဝေးပြုလုပ်





MNP  -   ဒီဇင်ဘာ ၂၃

      မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်ကျောင်းကျန်းမာ ရေးကော်မတီ တို့ပူးပေါင်း၍၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ညှိနှိုင်းအ၏စည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


      ညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်ကျန်း မာရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီးဒေါက်တာ ခွန်‌မောင်အိုး က မြို့နယ်အတွင်းရှိ ကျောင်းသား/‌ကျောင်းသူများအား စုရပ်နေရာများ၌ ကိုဗစ်(၁၉) ကူးစက် ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများကသွားရောက်ထိုးပေးခဲ့သော် လည်းကျောင်းသားမိဘ တချို့မှာအကြောင်း အမျိုးမျိုးပြ၍ လာရောက်ထိုးနှံမှုမရှိကြောင်း ၊ထိုသို့ဖြစ်ပေါ်မှုမရှိစေရန် ကျောင်း‌ကျန်းမာရေးကော်မတီအနေဖြင့်စည်းရုံးဆောင်ရွက်ဖို့လိုကြောင်း၊ မူလတန်းအဆင့်ကျောင်းသား‌ကျောင်းသူများအားသန်ချဆေးတိုက်‌ကျွေးရာတွင်တာဝန်ရှိ ဆရာ၊ဆရာမများက ကိုယ်တိုင်တိုက်ကျွေးဖို့လိုကြောင်း၊ပညာရေးဝန်ထမ်းများအနေဖြင့် မိမိ ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ၏ စာရင်းမှန်ကို ကျန်းမာ ရေး ကော်မတီထံတင်ပြ၍ သံချဆေးကိုတောင်းယူဖို့လိုကြောင်းပြောကြားခဲ့သည်။


     ဆက်လက်၍ ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းညီညီမှ ‌မူလတန်းအဆင့် ကျောင်း သား၊ကျောင်းသူများအားပဏာမမျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး မိခင်နှင့်ကလေးကျောင်းကျန်းမာရေးဌာနမှ ဆရာမဒေါ်သင်းလဲ့ဦး က ကျောင်းအခြေပြု  ရှေးဦးသူနာပြုစုနည်းသင်တန်းနှင့်ပတ် သက် ၍လည်းကောင်းကျောင်းကျန်းမာ ရေး အာဟာရဌာနမှ ဆရာမ ဒေါ်သော်တာစိုး က သန်ချဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီးညှိနှိုင်းအအစည်းအဝေးကိုရုတ်သိမ်းခဲ့ ကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)