ကျွန်းလှ၌ ကျောက်ချောလမ်းခြင်းနှင့် Box Culvert တံတားတစ်စင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှ၌ ကျောက်ချောလမ်းခြင်းနှင့် Box Culvert တံတားတစ်စင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီး




MNP  -  ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အမှတ် (၆) လမ်းတွင် ကျောက်ချောလမ်းခင်းခြင်းနှင့် Box Culvert တံတားတစ်စင်း တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။


ထိုကျောက်ချောလမ်း အရှည် ၈၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မ ခင်းခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ရန်ပုံငွေကျပ် ၁၁ ဒသမ ၉၂၀ သန်းဖြင့်လည်းကောင်း၊ အကျယ် ၂၀ ပေ၊ အနံ ၅ ပေ၊ အမြင့် ၃ ပေ Box Culvert တံတားတစ်စင်းကို ပြည်သူလူထု လှူဒါန်းမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လမ်း၊ တံတားလုပ်ငန်းများ စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မျိုးဝင်းညို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)