MNP - ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မဲစာရင်းများ ပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းမင်းဦးက လာမည့် ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မဲစာရင်းများပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုင်းဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိလာသည့် စာရင်းများအပေါ်အခြေခံ၍အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ယခုအခါ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များအတွင်းရှိ ဉပဒေနှင့်အညီနေထိုင်သော လူဦးရေစာရင်းများကို မြို့နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း(Cross Check) ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဆေးချက်များမှ တွေ့ရှိလာသည့် ထပ်နေသော စာရင်းများရှိကြောင်း၊ အဆိုပါထပ်နေသည့် စာရင်းများ မှန်ကန်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှစိစစ်၍ အမြန်ဆုံးပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်မိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် တာဝန်ခံများက လူဦးရေ စာရင်းများကို ပြည့်စုံမှန်ကန်ရေး မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross Check) ဆောင်ရွက်ရွက်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင်ဦးမင်းမင်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြောင်းသိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment