MNP - ဒီဇင် ဘာ ၂၃
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မူကြိုကလေးငယ် များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားရေး ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြလုပ်ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲများပြုလုပ်ရာတွင် မူကြိုကလေးငယ်များက အပြေးပြိုင်ခြင်း၊ ဗူးဆင့်ပြိုင်ခြင်း၊ အားလူးကောက်၊ အရုပ်ထောင်ပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ခြင်း စသည့် ကာယစွမ်းရည်ပြိုင်ပွဲ အမျိုးအစား (၅)မျိုးတို့ကို ပွဲစဥ်အလိုက် ကလေးငယ်(၁၀၀)ဦးခန့် တပျော်တပါး ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကြည့် ရှုအားပေးကြသည်။
ယင်းနောက် ပြိုင်ပွဲအသီးသီးမှ ဆုရကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးများအားလုံးကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်မာမိုးနှင့် မိဘအုပ်ထိန်းသူများက ဆုများအသီးသီးပေးအပ်ခဲ့၍ အာဟာရ မုန့်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment