နတ်မောက်မြို့နယ် ဝါးရုံကုန်း- ကျောက်ပုံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ဝါးရုံကုန်း- ကျောက်ပုံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး



MNP  -   ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် နတ်မောက်-ဝက်ချုပ်လမ်းနှင့် ချိတ်ဆက်၍ ဝါးရုံကုန်းရွာမှ ကျောက်ပုံကျေးရွာအထိ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးနေပြီဖြစ်ကြောင်း သိရသည်။                                                     


ယခုလမ်းဖောက်ခင်းကျင်းခြင်းမပြုမီက တဲကြီး၊ ညောင်ကြပ်ပင်၊ မှိုက်ပင်၊ ကျောက်ပုံ၊ ကျောက်တဲ၊ ချောင်းနက်၊ နဘဲတန်း၊ ကျောင်းကုန်း၊ဝင်ကိုက်၊ဝါးရုံကုန်း၊ အုတ်ဖိုရွာများမှ ပြည်သူများသည် လှည်းလမ်းကြောင်းအတိုင်းသာ ထော်လာဂျီများ၊ ၆-ဘီးကားများကိုမောင်း၍ ခက်ခက်ခဲခဲသွားလာရကြောင်း ၊ ယခု ကျေးလက်လမ်းဦးစီးဌာနက လမ်းခင်းပေးသဖြင့် သွားလာရေးအဆင်ပြေကြောင်း၊ နဘဲတန်းရွာမှ ကိုခင်မောင်ဝင်းက ပြောသည်။


ဝါးရုံကုန်း-ကျောက်ပုံကျောက်ချောလမ်းအတွက် အကျယ် ၁၆ ​ပေ အမြင့် ၆ လက်မခန့်ရှိသည့် လမ်းပိုင်း တွင်ထုခွဲ ကျောက်များခင်းခြင်း၊ ထုခွဲကျောက်ပေါ်တွင် မြေနီကျောက်စရစ် ၃ လက်မ ခင်းခြင်းဆောင်ရွက်ခဲ့ပြီးကြောင်း၊ ယခုနှစ်ဇူလိုင်လမှစတင်ကာ တင်ဒါအောင်မြင်သည့် မြတ်နန်းစံကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၁မိုင် ၁ ဖာလုံခန့်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၉၂ ဒဿမ ၂၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)