ဗုဒ္ဓရုပ်ပွားတော်(၁၀၈)ဆူနှင့် ရွှေထီးတော်အား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်လာမှုအပေါ် ဒေသခံပြည်သူများမှ ကြိုဆိုပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓရုပ်ပွားတော်(၁၀၈)ဆူနှင့် ရွှေထီးတော်အား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်လာမှုအပေါ် ဒေသခံပြည်သူများမှ ကြိုဆိုပူဇော်

 



MNP - ဒီဇင်ဘာ ၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့သို့ ဗုဒ္ဓရုပ်ပွားတော် (၁၀၈)ဆူနှင့် ရွှေထီးတော်အား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်လာမှုအပေါ် ယမန်နေ့ ၃ ရက်နေ့ နံနက်ပိုင်းက နောင်ချိုမြို့နယ် ဒေသခံပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဗုဒ္ဓရုပ်ပွား(၁၀၈)ဆူနှင့် ရွှေထီးတော်အား တန့်ယန်းမြို့ နေမိန္ဓရ ကုန်းတော်ပေါ်၌အသစ် တည်ဆောက်လျက်ရှိသည့် အောင်တော်မူစေတီတော်မြတ်ကြီး၌ အကြည်ညိုခံထားရှိသွားမည်ဖြစ်ပြီး စကျင်တောင်မှ စတင်ပင့်ဆောင်ခဲ့ကြောင်း ၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ ၊ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၏ အဝင်တံခါး ခြေမြစ်ပင်ကျေးရွာမှ သွားရောက်ပင့်ဆောင် ခဲ့ကြပြီး ခြေမြစ်ပင်ကျေးရွာမှစ၍ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျေးရွာများမှ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်မှ ဓမ္မစင်္ကြာအဖွဲ့များနှင့် ပြည်သူများက ဗုဒ္ဓရုပ်ပွားတော်(၁၀၈)ဆူနှင့် ရွှေထီးတော်အား ပင့်ဆောင်ရာ လမ်းဘေးဝဲယာ လမ်းတစ်လျှောက် ကြိုဆိုပူဇော်ခဲ့ကြပြီး အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ဗုဒ္ဓရုပ်ပွားတော်(၁၀၈)ဆူနှင့် ရွှေထီးတော်ပင့်ဆောင်ရာ၌ လိုက်ပါဆောင်ရွက်ကြသော သံဃာတော်များ၊ ဧည့်ပရိသတ်များအား သဖန်းကိုင်းပရဟိတကျောင်းတွင် နေ့ဆွမ်း၊ နေ့လယ်စာ ဆပ်ကပ်၊ ကျွေးမွေးဧည့်ခံပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများအား ရေစက်ချလှူဒါန်းကာ ကျောက်မဲမြို့သို့ ဆက်လက်ပင့်ဆောင်သွားကြောင်း သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)