ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အိမ်ထောင်စုလူဦးရေစာရင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းအတွက် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အိမ်ထောင်စုလူဦးရေစာရင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းအတွက် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး




MNP  -   ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်/ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းအတွက် ပြည်နယ်မြေပြင်ကွင်းဆင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ၏ စာရင်းကောက်ယူရေးဆိုင်ရာ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည် နယ်ဦးစီးမှူးရုံး၊ ပန်းခင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်မည့် မြေပြင်တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းအတွက် ပြည်နယ်အဆင့် နည်းပြသင်တန်းကို တက်ရောက်လာသူများအနေဖြင့် မြေပြင်လက်တွေ့လုပ်ငန်းဆောင်ရွက်နိုင်ရေး (Working Group)များကို အဆင့်ဆင့်ပို့ချပေးသွားမည့် အဓိကတာဝန်ရှိသူများဖြစ်သောကြောင့် သင်ခန်းစာများကို စိတ်ဝင်စားစွာ သင်ယူပြီး နိုင်ငံတော်၏ အရေးကြီးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ အဆိုပါရုံးအတွင်း အရာထမ်း/ အမှုထမ်းများ၏ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ပုံစံ (၆၆/ ၆) စိစစ်တိုက်ဆိုင်စစ်ဆေးပြီး နည်းပညာအသုံးပြု၍ Software အတွင်း ထည့်သွင်းနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက်ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်နယ်အဆင့် နည်းပြသင်တန်းကို ခရိုင်/ မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာသင်တန်း သား/ သင်တန်းသူ (၆၈)ဦးတို့အား (၂)ရက်ကြာ ဗဟိုအဆင့် သင်တန်းတွင် တက်ရောက်ခဲ့သူများက ဖွင့်လှစ်ပို့ချပေးသွားမည့်ဖြစ်ပြီး ပြည်နယ်အဆင့်သင်တန်းသား/သင်တန်းသူများအနေဖြင့် သက်ဆိုင် ရာ ခရိုင်နှင့် မြို့နယ်များတွင် ခရိုင်/ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ထပ်မံပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။     

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)