မင်းဘူးမြို့၌ မကွေးတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ မကွေးတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ပို့ချ



MNP  -   ဒီဇင်ဘာ  ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် ပြည်သူလူထုမှ မှန်ကန်စွာ ရွေးချယ်တင်မြှောက်နိုင်ရေးနှင့် အခြေခံမဲစာရင်းများမှန်ကန်ရေးအတွက် မကွေးတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မင်းဘူးခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာ ရွေးကောက်ပွဲကျင်းပရာတွင် အခြေခံမဲစာရင်းများ မှန်ကန်စေရန် နိုင်(၄)မှတ်တမ်း များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နည်းပညာများအသုံးပြု၍ e-ID Software အတွင်း ရေးသွင်းဆောင်ရွက်ပြီးဖြစ်တာကြောင့် ယခုအခါ ကွင်းဆင်းကောက်ယူရေးအဖွဲ့ဝင်များက အခြေခံ စာရင်းများကို မြေပြင်အထိ ကွင်းဆင်းကောက်ယူပြီး တိုက်ဆိုင်စစ်ဆေးကာ ရရှိလာသော အခြေခံ စာရင်းများဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မင်းဘူးခရိုင် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ၊ အထစ-ပုံစံ အလွတ်ရေးသွင်းခြင်း၊ ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းနှင့်စာရင်းချုပ်ပြုစု၍ ပြန်လည်အပ်နှံခြင်း၊ မသန်စွမ်း(၅)မျိုး ကောက်ယူခြင်း၊ ပြောင်းဝင်/ပြောင်းထွက်နှင့် သေဆုံးသူများအား မှတ်ချက်ပေးပြီး Upgrade ပြုလုပ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအဖြစ် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ထွေ/အုပ်ဝန်ထမ်းများ၊ လ.ဝ.က ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ သင်တန်းသာ (၃၂)ဦး တက်ရောက်ခဲ့ကြပြီး ယခု တက်ရောက်ထားသော နည်းပြများနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းဘူးခရိုင်ဦးစီးမှူး ဦးစောနိုင်ဦးထံမှ သိရသည်။

မောင်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)