ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကျင်းပ



MNP - ဒီဇင်ဘာ ၁၁


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၊ အ-ထ-က(၂)ကျောင်းနှင့် အ-ထ-က(၄)ကျောင်း တို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


ပြိုင်ပွဲတွင်  ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၃)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ များက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ တာတို၊ တာဝေး (လက်ဆင့်ကမ်း)၊ အလျားခုံ၊ အမြင့်ခုံ၊ သုံးဆင့်ခုန် ကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲကို မျိုးဆက်သစ်အားကစားသမား‌ကောင်းများရွေးချယ်နိုင်ရန်၊ မြို့နယ်ကိုယ်စားပြု၊ ပြည်နယ်ကိုယ်စားပြုမှသည် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာရန်၊ ကျန်းမာကြံ့ခိုင်သောလူငယ်၊ လူရွယ်များဖြစ်လာ‌စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဗဟိုအဆင့်ပြိုင်ပွဲများသို့ အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတော်မှအားထားရသော မျိုးဆက်သစ် လူငယ်လက်‌ရွေးစင် အားကစားသမားများဖြစ်လာ‌စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်  ရွေးချယ်ခံသူများက  ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)