MNP ၊ ဒီဇင်ဘာ ၂၁
စိုက်ပျိုးရေးသုသေန ရေဆင်း၌ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည့် သီးထပ်သီးနှံများ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သီးထပ်သီးနှံ စမ်းသပ်စံပြစိုက်ပျိုးပြသခြင်းစီမံချက်အား ဆည်ရေသောက်ဒေသများအတွက် အကျိုးအမြတ်အများဆုံး ရရှိစေမည့် သုံးသီးစားလယ်ယာနှင့် သီးထပ်သီးနှံပုံစံအတွဲများအား တောင်သူများ လိုက်နာကျင့်သုံးခြင်းအားဖြင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပြီး စီမံချက်တွင် စပါး - နေကြာ - ပဲပုပ်၊ စပါး တစ်မိုးနှစ်သီး - သစ်စိမ်း - ပဲတီစိမ်း၊ စပါး - အစေ့ထုတ်ပြောင်း - ဟင်းသီးဟင်းရွက်၊ စပါး - မြေပဲ - ပဲတီစိမ်း၊ စပါး - စပါးလမိုင်း - ကြက်သွန်နီ၊ စပါး - မတ်ပဲ - နှမ်း၊ စပါးလမိုင်း - စပါးလမိုင်း - စပါး၊ စပါး - ဖူးစားပြောင်း - စပါး၊ စပါး - ကုလားပဲ - စပါး၊ ပဲပုပ် - ဆီမုန်ညင်း - ဝါ စသည့် သီးနှံပုံစံ ၁၀ မျိုးကို ထည့်သွင်း သရုပ်ပြ၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိရာသီတွင် နေကြာ၊ သစ်စိမ်း၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ ကြက်သွန်နီ၊ မတ်ပဲ၊ စပါးလမိုင်း၊ ဖူးစားပြောင်း၊ ကုလားပဲ၊ ဆီမုန်ညင်း သီးနှံတို့ကို သရုပ်ပြစိုက်ပျိုးထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment