မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ပြောင်းရွှေ့ရန်အတွက် စီမံဆောင်ရွက် လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ပြောင်းရွှေ့ရန်အတွက် စီမံဆောင်ရွက် လျက်ရှိ



MNP ၊ ဒီဇင်ဘာ ၂၁

ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ မော်လမြိုင်ခရီးစဉ်တွင် မော်လမြိုင်လေဆိပ်အား သွားရောက်စစ်ဆေးခဲ့ပြီး နေရာအသစ်သို့ ပြောင်းရွှေ့ရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသွားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းမ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများနှင့် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်း တည်ဆောက်မည့် အခြေအနေများ၊ မော်လမြိုင်-ရေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မော်လမြိုင်လေဆိပ်သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မော်လမြိုင်လေယာဉ်ကွင်းသည် မြို့နှင့်နီးကပ်ခြင်း၊ တက္ကသိုလ်နှင့် နီးကပ်ခြင်းတို့ကြောင့် ခေါက်ရေတိုးချဲ့ပြေးဆွဲရန် ကန့်သတ်ချက်ရှိခြင်း၊ လေယာဉ်ပြေးလမ်းအား တိုးချဲ့ရန် ကန့်သတ်ချက်ရှိခြင်း တို့ကြောင့် မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ပြောင်းရွှေ့ရန်အတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုနိုင်သည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ် အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့် အဆင့်မီလေယာဉ်ကွင်းတစ်ခု တည်ဆောက် ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)