ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်းဝင်းနှင့်အဖွဲ့သည် နွေစပါး ထွန်ယက်စိုက်ပျိုးမှု၊ မြစ်ရေတင်လုပ်ငန်းနှင့် တူးမြောင်းတူးဖော်မှုကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်းဝင်းနှင့်အဖွဲ့သည် နွေစပါး ထွန်ယက်စိုက်ပျိုးမှု၊ မြစ်ရေတင်လုပ်ငန်းနှင့် တူးမြောင်းတူးဖော်မှုကွင်းဆင်းကြည့်ရှု

 

MNP - နိုဝင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်၉ နာရီအချိန်ခန့်က ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက် ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာရှိ တောင်သူ ဦးရွှေဝင်း၊ ဦးအောင်နိုင်၊ ဦးထွန်းလင်းအောင်၊ ဦးအေးမင်းလတ်တို့၏ လယ်မြေဧက(၃၂)ဧက၌ ဆင်းသုခနွေစပါးစိုက်ပျိုးရန် ထွန်ယက်မှု အ‌ခြေအနေနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ မြစ်ရေတင်လုပ်ငန်း ရေပေးဝေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ပိုက်ဆံလျော် စိုက်ပျိုးရေး၊ သွင်းအားစုများစနစ် တကျထည့်သွင်းရေး၊ အထွက်နှုန်းတိုးသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေးနှင့် တောင်သူများ စိုက်ပျိုးရေရရှိရေး မှာကြားခဲ့သည်။


ဆက်လက်၍ ဂုန်မင်းကျေးရွာအုပ်စု၊ ကြိုးကြာကွင်းကျေးရွာရှိ တောင်သူ ဦးဂျိုးမင်း၏ နေကြာသီးသန့် စိုက်ခင်း(၂)ဧက ဖြစ် ထွန်းအောင်မြင်နေမှု  အ‌‌ခြေအနေအားကြည့်ရှုခဲ့ပြီး၊ အမှတ်(၁) လယ်တီစုတူးမြောင်း တူးဖော်နေမှုအခြေအနေအား ကြည့်ရှု၍ နွေစပါး စိုက်ပျိုးနိုင်ရေး၊ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေး တောင်သူများ စုပေါင်းဝယ်ယူ ဆောင်ရွက်နိုင်ရန်နှင့် စပါးပေါ်ချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရမည့် စိုက်ပျိုးစရိတ်ကြွေးကျန်များ ဆပ်ကြဖို့ မှာကြားခဲ့သည်။


အဆိုပါ နွေစပါးစိုက်ပျိုးမှုနှင့် တူးမြောင်းတူးဖော်နေရာသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)