နမ့်စန်တွင် မြို့နယ်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် မြို့နယ်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲများကျင်းပ

 




MNP - ဒီဇင်ဘာ ၆


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ၁၈ နှစ်အောက် မြို့နယ်အဆင့်ကျောင်းသား အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက စတင်၍ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံ နှင့် အမှတ်(၂) ရပ်ကွက်ရှိ အထက(နမ့်စန်) ဘောလုံးကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။


မြို့နယ်အားကစားရုံတွင် ပိုက်ကျော်ခြင်း(ကျား)နှင့် ဘော်လီဘော(ကျား၊မ) ပြိုင်ပွဲကိုလည်းကောင်း၊ အထက(နမ့်စန်) ဘောလုံးကွင်းတွင် ကျား/မ အပြေး မီတာ (၁၀၀၊၂၀၀၊၄၀၀၊၈၀၀)၊ မီတာ ၁၅၀၀(မ)၊ မီတာ ၃၀၀၀(ကျား)၊ အလျားခုန်၊ အမြင့်ခုန်၊သံလုံးပစ်၊ သံပြားပစ်နှင့် လှံတံပစ်ပြိုင်ပွဲများကိုလည်းကောင်း ကျင်းပလျက်ရှိပြီး နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မှ ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပနေမှုကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)