MNP - ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ (၁၅)ကြိမ်မြောက် ပန်းပွဲတော် (Bloomlng Fantasy) ကျင်းပလျက်ရှိရာ ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ (၁၅)ကြိမ်မြောက် ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်၏ “𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲” ပန်းပွဲတော်တွင် “ပန်းဥယျာဉ်စျေးပွဲတော်” ကိုပါတွဲဖက်၍ ပန်းပွဲတော်ကာလ နေ့ရက်များအတိုင်း ကျင်းပလျက်ရှိပြီး ဒေသထုတ်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ၊ ပန်းမန်များ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်၏ “𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲” ပန်းပွဲတော်တွင် ပြည်နယ်အရပ်ရပ်မှ ပန်းပေါင်းစုံမျိုးစိတ်များ၊ နိုင်ငံခြားပန်းမျိုးစိတ်များ၊ ရှားပါးတန်းဝင် အဖိုးတန်ပန်းမျိုးစိတ်များ၊ ဒေသထွက်ပန်းများအား ဇုန်အလိုက်ခင်းကျင်းပြသထားပြီး ကရင်နှစ်သစ်ကူး နေ့ရုံးပိတ်ရက်တွင် တေးသံရှင် ငွေစင်လှိုင်း၊ ဘဝ၊ အောင်ပြည့်ထွန်း၊ နေမင်းခ၊ တာတာ တို့၏ Music Show အစီအစဉ်များလည်း ထည့်သွင်းကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်
https://t.me/MyanmarNationalPost
No comments:
Post a Comment