MNP - ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆန်တစ်ပြည်၊ ငါးခြောက် ၂၅ ကျပ်သား၊ ဆီတစ်ဆယ်သား၊ ကြက်ဥငါးလုံး ပါပစ္စည်းလေးမျိုးကို ငွေကျပ် ၃၀၀၀ ဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စု ၁၈၀ အားလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment