MNP - ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် ရခိုင်ပြည်နယ်နေ့အကြိုအဖြစ် စေတနာရှင်များ၊ အလှူရှင်များ တစ်ဦးချင်း (သို့) စုပေါင်းပြီး (သာကူ၊ ဆက်နှံ၊ ဆန်ပြုတ်၊ မုန့်တီလျှာပူ၊ မုန့်ဟင်းခါး) တို့ကို စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင်လည်း အရှေ့တောင်ရပ်ကွက်၊ နန္ဒာလမ်းမိသားစုနှင့် စေတနာရှင်၊ အလှူရှင်တို့မှ မုန့်ဟင်းခါးဖြင့် ဒါနပြုကျွေးမွေးလှူဒါန်းကြရာ ပျော်ပျော်ပါးပါး လှည့်လည် စားသောက်ကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
သတင်း - ထွန်းလင်းကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment