မင်းလှမြို့နယ်တွင် မြေပြင်လူဦးရေ စာရင်း(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် စာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် မြေပြင်လူဦးရေ စာရင်း(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် စာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ

 




MNP - ဒီဇင်ဘာ ၄


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိစာရင်းအား မြေပြင်တွင် စာရင်းကောက်ယူ‌ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက မြေပြင်တိုက်ဆိုင်စစ်ဆေးမည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းအား ရှင်းလင်းပြောကြားခဲ့ပြီး မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင်  စာရင်းကောက်ယူ‌ရေးတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာရင်း‌ကောက်ယူမှုနှင့် စာရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းပို့ချပေးခဲ့သည်။


အဆိုပါ သင်တန်းသို့      မင်းလှမြို့နယ်အတွင်းရှိ          မြို့မတိုက်နယ်တွင် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ရပ်ကွက်၊ ကျေးရွာများမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနနှင့်      ပညာရေးဌာနတို့မှ ဆရာ၊ ဆရာမများ ပါဝင်သော    စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၁၂၅)ဦး တက်ရောက်ခဲ့ပြီး ကျန်ရှိနေသည့် တိုက်နယ်များတွင်လည်း သင်တန်းဆက်လက်ဖွင့်လှစ်ပို့ ချ‌ပေးမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)