တိုက်ကြီးမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေး ရှင်လင်းပွဲ ပြုလုပ် ] - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေး ရှင်လင်းပွဲ ပြုလုပ် ]



MNP - ဒီဇင်ဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ  ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများအသိပေး ရှင်းလင်းပွဲတွင် တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးဌေးနိုင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ် (၂၀၂၂ ခုနှစ်) ပြဌာန်းရခြင်း၏ အဓိကအကြောင်းအရင်းများ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၄ ခုနှစ်နှင့် ၂၀၂၂ခုနှစ်)၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ ဆိုင်းငံ့ထားရှိမှု၊ သိရှိထားသင့်သော ပြဌာန်းချက်များ၊ သတိပြုရမည့် ပုဒ်မများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (အခန်း - ၈)၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ ဥပဒေအရမှတ်ပုံတင်ခွင့်ပြုခဲ့သည့် အသင်းအဖွဲ့များ စသည့် အကြောင်းအရာများအား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ရှင်းလင်းပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - စန်းကလျာခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)