MNP ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာလ၄ရက်နေ့မှ၁၅ရက်နေ့ထိ အားကစားပြိုင်ပွဲများဖြင့် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲများ ကျင်းပရာတွင်ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား၂၀၂၂-ခုနှစ်ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်သည့်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment