MNP - ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ယောဉ်ကွင်းရပ်ကွက်၌ ယနေ့နံနက် ၈ နာရီအချိန်က ရောင်းချေပေးခဲ့သည်။
အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်း ရွက်များအား သက် သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့်ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှု့အား ပေးခဲ့ကြသည်။
အဆိုပါ စားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များအား အမ်း တပ်နယ်မှတာဝန်ရှိသူများက ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊ ဒေသကြက်၊ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ် ၊ ကြက်ဥ၊ နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသ လောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိ ကြော်၊ ကန်စွန်းရွက်၊ချဉ်ပေါင်စသည့် အခြေခံ စားသောက် ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်း ရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်ချပေးလျက်ရှိရာ ဈေးဝယ်သူ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
စိုးမင်းထွန်းချ
https://t.me/MyanmarNationalPost
No comments:
Post a Comment