MNP - ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊အမ်းတောင်အုပ်စု တောင်စောက်ကျေး ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့်စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီးကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော စာသင်ကျောင်းဆောင်သစ်နှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူး တင်စကားပြောကြားခဲ့ပြီး စာသင်ကျောင်းဆောင်သစ်အား မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါကျောင်းဆောင်အား ၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်(၁၀.၀၀) သန်း၊ပြည်သူထည့်ဝင်ငွေ ကျပ်(၂၄)သိန်းရှစ်သောင်းငါးထောင်ကုန်ကျငွေဖြင့် ကျောင်းဆောင်သစ် အတိုင်းအတာ (၃၀ ပေ၊ ၂၄ ပေ၊ ၁၁ ပေ)
အား တည်ဆောက်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment