သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 



MNP - နိုဝင်ဘာ   ၃၀


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။   


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲ ဆောင်ရွက်မှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်းများခုတ်ထွက်ရှင်းလင်းခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်း ကျောင်းနေရွယ်ကလေးများနှင့် ကျောင်းပြင်ပကလေးများအား ဒီဇင်ဘာလအတွင်းထိုးနှံရေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းအတွက် မြို့နယ်အဆင့်ကော်မတီဖွဲ့စည်းထားပြီဖြစ်သော်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှလူကုန်ကူးမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့စည်းနိုင်ရေး၊ လုပ်ငန်းစဉ်များချပြရှင်းလင်းခြင်းနှင့် ဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေး၊ ဖြစ်ပွားနိုင်သည့် အခြေနေများကိုပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မည့်အစီအမံ၊ မြို့နယ်အတွင်းဘင်္ဂါလီများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းကြစေရေး၊ လျှပ်စစ်မီးရရှိမှုအခြေအနေ၊ ရုံးအဆောက်အဦများ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်ကြစေရေးနှင့် မီးဘေးအန္တာရာယ်ကင်းရှင်းရေးဆောင်ရွက်ကြရန်၊ မြေပြင်လူဦးရေစာရင်း ကောက်ယူမည့်ကိစ္စ အချိန်မှီဆောင်ရွက်နိုင်ရေး၊ မြို့နယ်အတွင်း မြေအောက်ရေခမ်းခြောက်မှုမရှိစေရေးကို သက်ဆိုင်ရာဌာနများမှ ချောင်းပိတ်၊ မြောင်းပိတ်ပြုလုပ်ကြစေရေး၊ ရပ်ရွာအလိုက်လုံခြုံရေးများကို အထူးအလေးထားဆောင်ရွက်ကြရန်အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ချပြရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)