MNP - ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သိမ်ကုန်းဘုရားရှေ့မှ စတင်ကာ ကျော်ဇံဆီဆိုင်ရှေ့၊ ကျော်ဇံဆီဆိုင်ရှေ့မှ မြို့မအားကစားကွင်းအထိ တစ်ပျော်တပါး စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပျော်ရွှင်စွာပါဝင်စုပေါင်း၍ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီးနောက် လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်းနှင့် လက်ဖက်ရည်များ ဧည့်ခံကျွေးမွေးခဲ့ ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment