MNP - ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီက ရသေ့တောင်မြို့ ၊တောင်ရင်းတန်းရပ်ကွက်ရှိ ခဝါသည် ရေကန်အတွင်းရှိဒိုက်များ၊ကြာများအားဖယ်ရှားခြင်းနှင့် ရေကန်ပတ်လည်အားအမှိုက်သရိုက်များကိုရှင်းလင်းပြီး၊မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးသက်နိုင်ဦးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကန်ပတ်လည်ရှိ
ချုံနွယ်၊ မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်တို့ကို တက်ညီလက်ညီဖြင့် ရှင်းလင်းကြပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏အမှိုက်သိမ်းယာဉ်ဖြင့်စနစ်တကျ သိမ်းဆည်းသယ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment