နိုင်ငံတော်အတွက်အရေးကြီးသော e-Government စနစ်ဖော်ဆောင်ရေးကို သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ခံယူပြီးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အတွက်အရေးကြီးသော e-Government စနစ်ဖော်ဆောင်ရေးကို သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ခံယူပြီးဆောင်ရွက်



MNP - ဒီဇင်ဘာ ၂၃

နေပြည်တော်စည်ပင်သာယာရေးကော်မတီကအသစ်ခန့်ထားသည့် အမြဲတမ်းဝန်ထမ်းအငယ်တန်းစာရေးဝန်ထမ်း ၆၀ တို့ကို အွန်လိုင်းအခြေပြုအများ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်အောင် စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ e-Government အထောက်အကူပြုရုံးလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမင်္ဂလာခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် ကွန်ပျူတာသင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယခုအမှတ်စဉ် (၁၃/၂၀၂၂)အထိ ဝန်ထမ်း ၄၉၄ ဦးကို ကွန်ပျူတာအသုံးပြုတတ်မြောက်စေရန် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ e-Government စနစ်သည်နည်းပညာအသုံးပြုပြီး စီမံခန့်ခွဲသည့်စနစ်ဖြစ်၍ အစိုးရယန္တရားလည်ပတ်မှု ပိုမိုကောင်းမွန်ကာ ဌာနအချင်းချင်းဆက်သွယ် ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာဖြင့် လွယ်ကူလျင်မြန်စွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် ကနဦးခြေလှမ်းအဖြစ် ရေခွန်ပေးဆောင်မှုကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့်ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ကော်မတီ၏ ဝန်ဆောင်မှုများကို e-Government စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် Digitalization Application များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် အရေးကြီးဆုံးအဆင့် ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု(Coordination)အဆင့်ကိုရောက်ရှိ ဆောင်ရွက်လျက်ရှိရာဌာနများအားလုံး စနစ်တကျဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့်ပြည်သူလူထုတစ်ရပ်လုံး၏အကျိုးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အကျိုးတို့အတွက် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် ကျရာအခန်းကဏ္ဍမှ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)