လေးမျက်နှာ-ကျုံပျော် မြို့နယ်ချင်းဆက်လမ်းအား အဆင့်မြှင့်တင် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာ-ကျုံပျော် မြို့နယ်ချင်းဆက်လမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်

 


MNP - ဒီဇင်ဘာ   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခေါင်းနီးကွင်းကျေးရွာမှ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မျက်နီးကွင်းကျေးရွာသို့ ဆက်သွယ်ထားသော အရှည်ပေ၂၀၀ရှိ သံကူကွန်ကရစ် တံတားဆောက်လုပ်ပြီးစီးသောကြောင့် မြို့နယ်ချင်းဆက်လမ်းအား အရှည် ၄၈၀၀ပေ၊ အကျယ် ၂၀ပေ နှင့် ထု ၃ပေ ရှိ မြေသားလမ်းကို တိုးချဲ့ဖောက်လုပ်လျက်ရှိသည်။


အဆိုပါ မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက ကျောက်ချောလမ်းအဖြစ် အရှည်၈၅၀ပေ၊ အကျယ် ၂၀ပေ နှင့်ထု ၉လက်မအား တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ (၁၀၀.၅)သန်းဖြင့် ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာ(၁၁)ရွာရှိ အိမ်ခြေ (၅၅၄)လုံးနှင့် လူဦးရေ(၃၀၂၃)ဦးခန့် တိုက်ရိုက်အကျိုးပြုနိုင်ကြောင်း လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဦးမြင့်လင်းထံမှ သိရသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)