ကြံခင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

MNP - ဒီဇင်ဘာ ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းတန်က မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ဒေသအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဦးက ၂၀၂၂ခုနှစ်တွင် ဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းတာဝန် (၇)ရပ်နှင့် ပတ်သက်ပြီး လည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးကျော်ဇင်ထိုက်က သက်ငယ်မုဒိမ်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ၊ လုပ်ထုံး/လုပ်နည်းနှင့် ပတ်သက်၍ ရှင်းလင်းပြီးနောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်ပြီး အကြံပြုတင်ပြဆွေးနွေးကြရာ  ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က တင်ပြချက်များနှင့် ပတ်သက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)