MNP - ဒီဇင်ဘာ ၂၂
ရီးရဲလ် မက်ဒရစ် အသင်းနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ်နှင့် တောင်ပံကစားသမား အစ္စကိုဟာ ဆီဗီလာ အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး ခေါ်လိုတဲ့ အသင်းတွေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ကြောင်း သိရသည်။
ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ချန်ပီယံလိပ်ဖလား ၄ ကြိမ် ရရှိခဲ့ပြီး အထူးခြေစွမ်း ပြခဲ့တဲ့ အစ္စကိုဟာက ဒဏ်ရာ ပြဿနာများကြောင့် လက်ရှိမှာတော့ အသက် ၃၀ အရွယ်မှာတင် အသင်းလက်မဲ့ ဖြစ်နေတာ ဖြစ်ပါတယ်။
souce - Frabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment