အင်းစိန်မြို့နယ်၌ အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (စာတွေ့၊ လက်တွေ့) ဖွင့်လှစ်သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (စာတွေ့၊ လက်တွေ့) ဖွင့်လှစ်သင်ကြားပို့ချ

 



MNP - ဒီဇင်ဘာ  ၃


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြက်‌ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း အတတ်ပညာများ လူတိုင်းလူတိုင်း တတ်မြောက်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (စာတွေ့၊ လက်တွေ့) ဖွင့်လှစ်သင်ကြားပို့ချခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့တွင် ဖွင့်လှစ် သင်ကြားပို့ချသည်။


သင်တန်းကို အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  (၁၀၅)ဦးတို့က တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ၃ရက်ဖြစ်သည်။


သင်တန်းကာလအတွင်း အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနီထွန်းနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။


အင်းစိန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ စုစုပေါင်း ကျောင်းပေါင်း (၂၀)ကျောင်းကို ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ ကျောင်းပေါင်း(၁၂)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၄၇)ဦးကို ရှေးဦးပြုစုခြင်းအခြေခံ အောင်လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ရာ ကျန်ရှိနေသော ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)