စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ ဒီဇင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် က ဌာနဆိုင်ရာများ ရုံးလုံခြုံရေးကိစ္စများကို အထူးဂရုပြုဆောင်ရွက်ကြရန်၊  မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ကြရန်၊ ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွင် ဝန်ထမ်းများအားလုံး ပါဝင်ဆင်နွဲကြရန်၊ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်နေကြသည့်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်တင်ပြကြရန်၊လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရေး၊ လျှပ်စစ်မီတာပေးဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက်လမ်းနှင့် မြို့တွင်းလမ်း ဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် စသည့်အချက်များကို အမှာစကား ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပေါင်းစပ် ညှိနှိုင်းပေးရမည့် ကိစ္စရပ်များအား တင်ပြခဲ့ကြသည်။


အဆိုပါ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စဉ့်ကူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)