ပေါင်မြို့နယ် ထန်းပင်ချောင်ကျေးရွာ၌ နေအိမ် (၅)လုံး မီးလောင်းမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ထန်းပင်ချောင်ကျေးရွာ၌ နေအိမ် (၅)လုံး မီးလောင်းမှုဖြစ်ပွား





MNP ၊ ဒီဇင်ဘာ ၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ထန်းပင်ချောင်ကျေးရွာ၌ နေအိမ် (၅)လုံး မီးလောင်းမှုဖြစ်ပွားမှုကို ယနေ့ နံနက် ၇ : ၄၅ နာရီခန့်က စတင်လောင်းကျွမ်းခဲ့ကြောင်းသတင်းရရှိသည်။

မီးလောင်းမှုဖြစ်ပွားရာတွင် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု ကမ်းနားပိုင်း(ကွက်သစ်)နေ ဦးရွှေထွန်း၏နေအိမ်တွင်  ဖယောင်းတိုင်မီး(ဘုရားမီး) ပူဇော်ရာမှတစ်ဆင့် သစ်သားဘုရားကျောင်းဆောင်သို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၅)လုံးမီးလောင်းဆုံးရှုံးခဲ့ကြောင်းသိရသည်။


အဆိုပါ မီးလောင်းကျွမ်းမှုနှင့်ပတ်သတ်၍သထုံခရိုင်၊ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်စခန်းများမှမီးသတ်ယာဉ်များ၊စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်များနှင့်အတူ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၀) ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၈း၁၃ နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊မီးလောင်းမှု‌ကြောင့် စုစုပေါင်းတန်ဖိုး သိန်း(၅၀) ခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ဆုံးရှုံးမှု မရှိပါ‌ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)