ကျောက်ဖြူခရိုင်အဆင့်ဌာနဆိုင်ရာများမှ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊ အဖွားများအတွက် လစဉ်အလှူငွေများထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်အဆင့်ဌာနဆိုင်ရာများမှ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊ အဖွားများအတွက် လစဉ်အလှူငွေများထောက်ပံ့လှူဒါန်း






MNP ၊  ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ် သာရှိ အဘိုး၊အဖွားများအတွက် လစဉ်အလှူငွေများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဘိုးဘွားရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။  

အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး၊အဘွားများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစေရန်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်း၍ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခုလိုမျိုးထောက်ပံ့ခြင်းကို လစဉ်ပုံမှန်ထောက်ပံ့ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း စသည့် အလှူငွေများထောက်ပံ့လှူ ဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ငါးသိန်းငါးသောင်းတစ်ထောင့်ငါးရာ ကျပ်တိတိကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဘိုးဘွားရိပ်သာအကျိုးတော်ဆောင် အဖွဲ့ခေါင်းဆောင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အုန်းထံသို့ ပေးအပ်လှူဒါန်းရာ အဆိုပါဘိုးဘွားရိပ်သာအကျိုးတော်ဆောင်အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ကျောက်ဖြူဘိုးဘွားရိပ်သာတွင် အဘိုး(၆)ဦး၊ အဖွား(၂၁)ဦး၊ စုစုပေါင်း အဘိုး၊အဖွား (၂၇)တို့နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)