တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်း အဆင့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်း အဆင့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ





MNP ၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲကျင်းပရာတွင် အခြေခံပညာအထက်တန်းအဆင့်ပန်းချီပြိုင်ပွဲ၌ ကျောင်းသား၊ကျောင်းသူ (၁၃)ဦးတို့မှ သာစွဌာနေ ရခိုင်ပြည်နယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ ‌ကျောင်းသား၊ကျောင်းသူ(၄၃)ဦးတို့မှ ပညာရေးဖြင့်ခေတ်မီတိုးတက်နေသော ရခိုင်ပြည်နယ်ကြီးကို တည်ဆောက်စို့ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးတို့မှ ရခိုင်ပြည်နယ် သာယာဖို့ ဒို့တွေအားလုံး ကြိုးပမ်းစို့ ခေါင်းဖြင့်လည်းကောင်း ၊ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် ‌ကျောင်းသား၊ကျောင်းသူ (၃၆)ဦးတို့က ရခိုင်ပြည်နယ်တိုးတက်ရေးနှင့် လူငယ့်တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၁၀၉)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံး ထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)